Wednesday, February 12, 2014


အလုံပိတ် အအေးပေး မွေးမြူရေး စနစ်

မြန်မာနိုင်ငံသည် အပူပိုင်းဒေသတွင် ပါဝင်သည်။ ထို့ကြောင့် မွေးမြူရေး စနစ် အဆင့်မြှင့်တင်သည့်အခါ အလုံပိတ် အအေးပေး စနစ်ဖြင့် မွေးမြူရေးခြံအတွင်းရှိ အပူချိန်ကို တည်ငြိမ်နေစေရန် ဆောင်ရွက်ခြင်းဖြင့် မွေးမြူထုတ်လုပ်မှု ပိုမိုတိုးတက်ရရှိစေနိုင်ပါသည်။

အလုံပိတ် အအေးပေး မွေးမြူရေးစနစ် ဆိုသည်မှုာ သဘာဝ ဖြစ်ပေါ်နေသော အပူချိန် အတက်အကျကို အံတု၍ လူတို့မှ စွမ်းအင်များကို သုံးစွဲပြီး ထုတ်လုပ်မှုအလိုက် လိုအပ်သော အပူချိန်ကို ချိန်ညှိခြင်း၊ ခြံအတွင်းရှိ မကောင်းသည့် လေထုကို ဖယ်ရှား၍ ကောင်းမွန်သော စနစ်များဖြင့် ထုတ်လုပ်မှု ပမာဏများစွာအား အဆင့်မြှင့်တင် အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားသည့် မွေးမြူရေး စနစ်ဖြစ်ပါသည်။

အလုံပိတ်အအေးပေးစနစ်အတွက် ပြင်ပအပူချိန်အတက်အကျ၊ အခန်းအပူချိန် တည်ငြိမ်စေခြင်းနှင့် လေကောင်းလေသန့် ရရှိစေရေးမှာ အဓိကဖြစ်သဖြင့် လေစုတ်ပန်ကာများနှင့် ရေငွေ့ပြန်အအေးပေးစနစ် ဖြစ်သည့် Cooling Pad တို့ သည် မြန်မာပြည်ရာသီဥတုအတွက် အရေးကြီးပစ္စည်းများ ဖြစ်သည်ဟု ဆိုရပေမည်။

ရှေးဦးစွာ အလုံပိတ် အအေးပေး စနစ်များအား အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါသည်

Poultry Ventilation illustration Figer

(၁) လေတိုက်နှုန်းအနည်းဆုံးဖြစ်သည့် Minimum Ventilation (Cross Ventilation & Cross Flow Ventilation) ကို လေတိုက်နှုန်းအနည်းငယ် (သို့) လေတိုက်နှုန်း မလိုအပ်သည့် ကြက်ငယ်မီးကိုင်ချိန်နှင့် လိုအပ်သည့် အပူချိန်အောက် ကျဆင်းနေသည့် ဆောင်းရာသီ (သို့) ညအချိန်များတွင်လည်းကောင်း၊ အေးလွန်းသည့် တောင်ပေါ်ဒေသများတွင် လည်းကောင်း လေ၀င်ထွက်ပေါက် Air Inlets နှင့် Attic Inlets များကိုသာ အသုံးပြု သုံးစွဲသည့် စနစ်ဖြစ်သည်။ Minimum Ventilation တွင် နှစ်ပိုင်းပါဝင်သည်။ Cross Ventilation သည် Air Inlets ကိုသာ အသုံးပြုထားပြီး အအေးပိုင်းဒေသ (သို့) အပူချိန် ရုတ်တရက် ကျဆင်းသည့် အချိန်မျိုးတွင် ဘေးဘက် Cross Fans ဖွင့်သုံးစွဲခြင်း ဖြစ်သည်။ အေးလွန်းသည့် အရပ်ဒေသများတွင်မူ ဘေးလေပေါက်မှ Air Inlets ဖွင့်ပြီး မျက်နှာချက် Ceiling မှ Attic Inlets ခေါ် လေထုတ်သည့် Fans အသုံးပြုလေ့ရှိသည်။ ထိုသို့ အသုံးပြုခြင်းဖြင့် အဆောက်အဦးအတွင်းရှိ မကောင်းသော အနံ့ အသက်နှင့် လေထုကို ဖယ်ရှားပေးပြီး အပူချိန်ကို ထိန်းထားပေးနိုင်သည်။ 
Cross Flow Ventilation တွင်မူ Cooling Pad မှ ရေမချဘဲ လိုက်ကာ Curtin ကို အနည်းငယ်သာ ဖွင့်၍ အနောက်ဘက်မှ ပန်ကာ ၁ လုံး (သို့) ၂ လုံးဖွင့်သုံးစွဲခြင်း ဖြစ်သည်။ ထိုသို့ သုံးစွဲရာ၌ လေထုဖိအား Static Pressure ကိုထည့်သွင်းစဉ်းစားအသုံးပြုခြင်းဖြင့် အဆောက်အဦး အတွင်းသို့ ပြိုကျပျက်စီးခြင်းကို ကာကွယ်သင့်ပါသည်။

(၂) လေတိုက်နှုန်း အသင့်သင့်ဖြစ်သည့် Transitional Ventilation ကို ပြင်ပအပူချိန်နှင့် လိုအပ်အပူချိန် ကိုက်ညီနေသည့်အခါ လေထုနှင့် အခန်းတွင်းအပူချိန်ကို ဖယ်ရှားသန့်စင်နိုင်ရန် အသုံးပြုသည့်စနစ် ဖြစ်သည်။ အနောက်ဘက် ပန်းကာ ၂ လုံး နှင့်အထက် သုံးစွဲလေ့ရှိပြီး Cooling Pad မှ ရေမချဘဲ လိုက်ကာ Curtin ကို ချိန်ညှိသုံးစွဲလေ့ရှိသည်။ 

(၃) လေတိုက်နှုန်းမြှင့် အပူချိန် လျော့ကျစေသည့် Tunnel Ventilation ကို လိုအပ်သည့်အပူချိန်ထက် ပိုမိုနေသည့် ပြင်ပအပူချိန် မြင့်တက်နေချိန်တွင် လည်းကောင်း၊ ကြက် အသက်ကြီးပိုင်း ကာလများတွင်လည်းကောင်း သုံးစွဲနိုင်သည်။ အဆောက်အဦးရှိ ကြက်နှင့် အခန်းအပူချိန် မြင့်မားမှုပေါ်မူတည်၍ ပန်ကာအလုံးအရေအတွက် တွက်ချက်သုံးစွဲလေ့ရှိပြီး Cooling Pad မှ ရေချသုံးစွဲလေ့ ရှိသည်။ မြန်မာပြည်၏ အပူပိုင်းဒေသနှင့် နွေရာ သီကာလများတွင် အသုံးပြုအများဆုံး စနစ်တစ်ခု ဖြစ်ပါသည်။

အထက်ပါ Ventilation စနစ်များကို ပြင်ပအပူချိန်အတက်အကျ၊ လိုအပ်အခန်းအပူချိန် နှင့် ကြက်ငယ်အသက် ကြီးထွားမှုပေါ်မူတည်၍ တစ်ဆင့်ခြင်း ပြုပြင်ပြောင်းလဲ သုံးစွဲရပါသည်။        (မင်းသီရိ-၁၀/၂/၂၀၁၄) 


Sunday, August 12, 2012

Jop Vacancy for Vet

သုခဓန ဆေးနှင့်ဆေးပစ္စည်း ကုမ္ပဏီ

တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲရ - ကျား (၁) ဦး
B.V.Sc  Male (1) post

ရရှိနိုင်သောလစာ (၂) သိန်းကျပ်ခန့်

ဆက်သွယ်ရန် လိပ်စာကို ရန်ကုန်လမ်းညွှန်နှင့် ဆေးဝါးမိတ်ဆက်အညွန်းရှိ သုခဓနဆေးကုမ္ပဏီ လိပ်စာသို့ ဆက်သွယ်စုံစမ်းကြပါရန် သတင်းပေးအပ်ပါသည်။
***************************************************************************

မေခ မွေးမြူရေး ကုမ္ပဏီ

တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲရ - ကျား/မ (၃) ဦး
B.V.Sc Male/Female (3) post

ရရှိနိုင်သောလစာ (၁)သိန်း (၆) သောင်း အလုပ်သင်ကာလ ကျော်ပါက လစာတိုးရနိုင်သည်။

ဆက်သွယ်ရန် - yinyin001@gmail.com
09-5095857
***************************************************************************

Free ဖုန်ခေါ်မယ်Free

ဖုန်ခေါ်မယ်Free

             ကျွန်တော်တို့အနေနဲ့ ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့ ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့ ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။ ဖုန်းနံပါတ်ကတော့ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့) တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့ activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့် လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က အခက်အခဲပေါ့. မိမိဖုန်းဟာ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး update လုပ်နေပါတယ်။)
           
               မိမိဖုန်းမှာ viber ဆိုတဲ့ free ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော် တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။ မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင် ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင်
အင်တာနက် ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့ wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။

               အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။ အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။ အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။ oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။ အဲ့တော့ ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊ Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။

             activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့ ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။ အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို ၀င်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့ လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက် jailbreak လုပ်ရလို့ပါပဲ။

             android phone မှာ အဲ့ဒါတွေမလိုပါဘူး။ ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ android သမားများအတွက်မရှာချင် ရင်တော့ အောက်မှာ တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊ အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင် viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။

Ref; Dr.bikgyi site

Friday, August 10, 2012

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားများ၏ ခွဲစိတ်မှု


နတ်ကွတ်ဝက်သိုးခွဲစိတ်ပေးမှု(ဗီဒီယို-၁)
 အထီးမျိုးဥသည် ဝှေးစေ့သည် ခန္ဓာကိုယ်အပြင်ဘက်မတွက်ဘဲ မွေးရာပါ ကိုယ်တွင်းဝင်ရောက်နေသဖြင့် အသားစားသုံးလျှင် အနံ့ဆိုးသည်၊ မျိုးဝက်အဖြစ်ထားရှိပါက မျိုးမအောင်ခြင်းနှင့် မျိုးမကောင်းနိုင်ပေ။




 
အမမျိုးဥအိမ်ဖယ်ရှားခွဲစိတ်ခြင်း (ဗီဒီယို-၂)




နွားတုတ်ဖြတ်ခြင်း (ဗီဒီယို-၃)


ဆိတ်အစာအိမ် (ရူမင်) ခွဲစိတ်ပုံ - ဗီဒီယို (၄)




Monday, July 2, 2012

Reform Strategics UVS(Yezin)


“မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်အတွက်ပြုပြင်ပြောင်းလဲရေးမူကြမ်း”
နိဒါန်း
၁။       မွေး/ဆေးတက္ကသိုလ်သည် မွေးကုဆရာဝန်များ မွေးထုတ်ရာနေရာ ဖြစ်၍ ခေတ်စနစ်အရ လည်းကောင်း၊ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏လမ်းညွှန်ချက်အရလည်းကောင်း မွေးမြူဆေးကု
လောက တိုးတက်ရေးအတွက် ဦးစွာပြောင်လဲသင့်သော တက္ကသီလာ ဖြစ်ပါသည်။ ယခုစာတမ်း မူကြမ်းသည် မွေး/ရေဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ မသိမမြင်သည်ကိုလည်းကောင်း၊ သိမြင်သော်လည်း မခံစားနားမလည်မိသည်ကို လည်းကောင်း၊ ပြုပြင်ပြောင်းလဲရန် ခက်ခဲနေသည် များကို ပြောင်းလဲနိုင်မည့် ဝန်ထမ်းအချို့၏ ခံစားချက်ကို လည်းကောင်း တစ်စိတ် တစ်ဒေသ တင်ပြခြင်းဖြစ်ည်။ နိုင်ငံတိုးတက်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်နိုင်ရန် အုတ်တစ်ချပ် သဲတစ်ပွင့် လမ်းစဖြစ်လျှင် အရဲစွန့် တင်ပြရကျိုးနပ်ပြီဖြစ်၍ လိုအပ်သော အချက်များကို အကြံပြု ဆွေးနွေး ပံ့ပိုးပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ရည်ရွယ်ချက်
၂။       (က) မွေးကုဆရာဝန်များ၏ အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားစေလိုပြီး၊ နိုင်ငံအတွက်လိုအပ်သော အာဟာရ၊ ရိက္ခာထုတ်လုပ်မှုနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍများတွင် အရေးကြီးမှုကို သိရှိစေ လိုပါသည်။
(ခ) အရည်အချင်းပြည်မီသော မွေးကုဆရာဝန်များ၏ အားကို နိုင်ငံတော်၏ အတတ်ပညာရှင် ကဏ္ဍတွင် အသုံးချနိုင်ရန် နှင့်လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ဖြစ်ပါသည်။
(ဂ) တက္ကသိုလ်မှ ကျောင်းဆင်းပညာတတ်များအတွက် တိကျသောအနာဂါတ်နှင့် လုံလောက်သော ဆရာဝန်နှင့်ညီမျှသောလစာ ဝင်ငွေဖြင့် မွေးမြူဆေးကုလောကတွင် တိုင်းပြည်အကျိုး ထမ်းရွက် စေလိုပါသည်။

မွေး/ဆေးတက္ကသိုလ်အတွင်း ပြောင်းလဲသင့်သည့် အချက်များ
၃။       (က) ကျောင်းသားရေးရာ
(၁) မွေး/ဆေးတက္ကသိုလ်ဝင်ခွင့်
(၂) သင်ကြားမှု/သင်ယူမှုပုံစံများ
(၃) အကဲဖြတ်စာမေးပွဲစနစ်များ
(၄) လက်တွေ့ပိုင်းပံ့ပိုးစနစ်များ

(ခ) ဝန်ထမ်းရေးရာ (ဆရာ/ဆရာမအပိုင်း)
          (၁) သုတေသနနှင့် စာတမ်းကြီးကြပ်မှု
(၂) အကဲဖြတ်ရာထူးတိုး၊ ခံစားခွင့်ပံ့ပိုးမှု
(၃) သင်ကြားမှုစနစ်များ
(၄) ရာထူးလုယူ၊ ပိတ်ပင်ထားမှုများ ဖယ်ရှားခြင်း

(က) ကျောင်းသားရေးရာ
တိရစ္ဆာန်ဆေးပညာသည် လူသားများအားကုသပေးသော ဆေးပညာ၊ သွားဘက်ဆိုင်ရာ ဆေးပညာများ နှင့်မခြား ခက်ခဲသည့် ဆေးပညာဖြစ်ပါသည်။ ထို့ပြင် စားနပ် ရိက္ခာထုတ်လုပ်ရာတွင် ဘေးကင်းလုံခြုံမှုနှင့်အတူ မွေးမြူထုတ်လုပ်မှုပညာပါ ပူးတွဲသင်ကြား ပေးလျှက် ရှိသည်ကို မည်သူသည် မျက်စိပိတ် ငြင်းနိုင်ပါမည်နည်း။
ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာဆက်နွယ် တက္ကသိုလ်များ ဝင်ခွင့်သတ်မှတ်ရာတွင် အမှတ်အမြင့်ဆုံးအဆင့်ဖြင့် ကန့်သတ်ချက်ထားခြင်းသည် ပညာရှင်များ၏ တန်ဖိုးကို ထိန်းသိမ်းခြင်းပင်ဖြစ်ပါသည်။ ယခုနှစ်တွင်ပင် အလုပ်ခန့်ထားနိုင်မှုနှင့် သုံးသပ်၍ ဆေးတက္ကသိုလ်(၄)ခုပေါင်းဝင်ခွင့်ကို ကျောင်းသားဦးရေ ၁၂၀၀ အထိသာ (ထက်ဝက်ခန့်အထိ) လျော့ချခေါ်ယူမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် နေပါသည်။ ထိုကဲ့သို့သော တန်ဖိုးထားမှုကို မွေးမြူဆေးကု ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ထိန်းသင့်/မထိန်းသင့်ကို စဉ်းစားဆင်ခြင် အတုယူ သင့်ပါသည်။
သို့သော် ခေတ်ကာလနှင့်အခြေအနေ အမျိုးမျိုးတို့ကြောင့် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ စတင်ကာ ဝင်ခွင့်စာမေးပွဲများပြုလုပ်ခဲ့ခြင်းကြောင့် မွေးမြူဆေးကုလောက တိုးတက်နိုင်ရေး ကြိုးပမ်းမှုများကို မွေးဆေးတက္ကသိုလ်မှ ဆရာ/မများနှင့် မွေးမြူဆေးကုလောက ပညာရှင်များ စိုးရိမ်စိတ်ဝင်ခဲ့ရပါသည်။ ကျောင်းသားအများစုမှာ အမှတ်(၂၄၀)ကျော်ဖြင့် အကြောင်းအမျိုးမျိုးပြ ဝင်ခွင့်ရခဲ့ကြခြင်းကြောင့် ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေး အားနည်းမှုများရှိ၍ ဆရာ/မ များအနေဖြင့် ခက်ခဲစွာ သင်ကြားရခြင်း၊ စာမလိုက်နိုင်ခြင်းနှင့်အတူ ၄င်းတို့၏အရည်အချင်းမဟုတ်သည့် မိဘဂုဏ်ရှိန်ရာထူးကြီးတို့ဖြင့် ရိုင်းပျခြင်း၊ မောက်မာခြင်းများကြောင့် ကျော်မကောင်းကြားမကောင်း သတင်းများပြန့်နှံ့ခြင်း၊ ဆရာမှန်းမသိ၊ မလေးစားဖြစ်ခြင်းနှင့်အတူ အထက်အကြီးအကဲများ၏ ထုချေလွှာများကို ရှောင်လွှဲနိုင်ရန် ဆရာ/မများမှ အထက်ဖော်ပြပါ ကျောင်းသား/သူဆိုးများအား မအောင်မနေ အတန်းတင်ပေးနေရသည်များကို ပြုပြင်သင့်ပါကြောင်း တင်ပြအပ်ပါသည်။(မှတ်ချက်- အမှတ်ကောင်း၍ စာလိုက်နိုင်သည့် (သို့မဟုတ်) ကြိုးစားသည့် ကျောင်းသား/သူများအား မရည်ရွယ်ပါကြောင်း။)

အကြံပြုချက် -
(၁) ဝင်ခွင့်နှင့်သတ်မှတ်မှုကို ပြုပြင်ရန်ခက်ခဲပါက တက္ကသိုလ်ဆရာ/မ များလုပ်ပိုင်ခွင့် နှင့်အညီ အကဲဖြတ်လျှို့ဝှက် အမှတ်ကန့်သတ်ထားရှိခြင်း၊ (ဥပမာ- အမှတ် ၃၅၀ အထက်)
(၂) ဝင်ခွင့်ဦးရေကို (တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ကောင်ရေယူနစ်အချိုးဖြင့် မဟုတ်ဘဲ အမှန် တကယ် အသုံးချ လုပ်ကိုင်ခွင့်ပေးနိုင့်မည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အချိုးချ တွက်ချက်သင့်သည်ဟု ယူဆမိ ပါသည်) ဌာန၊ ပုဂ္ဂလိက ခန့်ထားအသုံးပြုနိုင်မည့် အချိုးအစားဖြင့် တွက်ချက်ခွင့်ပြုခြင်း၊
(၃) စာမေးပွဲကျရှုံးပါက နောက်ဆက်တွဲဖြေရသည့် စနစ်တွင် ကန့်သတ်ချက်ထားရှိခြင်း၊ (ဥပမာ- နောက်ဆက်တွဲ စာဖြေစနစ်ကို နှစ်ဘာသာ၊ သုံးဘာသာ သာခွင့်ပြုပေးသင့်ပြီး၊ ဘာသာစုံ(သို့) ဘာသာစုံ နီးပါး ကျရှုံးခဲ့ပါက နှစ်ကျသတ်မှတ် နောက်ဆက်တွဲဖြေဆိုခွင့် ပိတ်ပင်ခြင်း) မှတ်ချက်- ယခုလက်ရှိကာလ စာမေးပွဲကျစာရင်းအရ တစ်ပုဒ်ပေးတစ်ပုဒ်ဖြေဆိုရာတွင်ပင် အကျများနေပြီး အထက်လူကြီးများမှလည်း စာမေးပွဲချသည်ကို ထုချေလွှာဖြင့် ဖိနှိပ်နေသောကြောင့် ဆရာ/မ များ မအောင်မနေ အောင်မှတ်ပေးနေရ သည်ကို လေ့လာသုံးသပ်သင့်ပါသည်။

 (၄) ကျောင်းသား/သူများ အဆင့်မြင့်တက်မြောက်စေရေးအတွက် လက်တွေ့ကျသော သင်ကြားမှု စနစ်များကို သက်ဆိုင်ရာ ဌာနများ၊ ကုမ္ပဏီ၊ INGO အဖွဲ့အစည်းများမှ ပူးပေါင်းကူညီပေးသည်ကို တွေ့ရပါသော်လည်း ယခုအခြေအနေထက် စည်းလုံးညီညွတ်စွာဖြင့် ပိုမိုလက်တွဲ ပံ့ပိုးပေးသင့်ပါသည်။
(၅) နိုင်ငံတကာမှ ပညာရှင်များကို ရှေးယခင်ကာလများကကဲ့သို့ ဧည့်ပါမောက္ခ၊ ကထိကများခန့်ထား ပေးခြင်းဖြင့် ကျောင်းသားများနှင့် ဌာနေ ဆရာ/မများမှ အတွေ့ကြုံကောင်းများ ရရှိသင်ယူ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
(၆) နိုင်ငံတကာပညာရှင်ငှားရမ်းအသုံးပြုရန် ရန်ပုံငွေအခက်ခဲရှိပါက မွေးကု၊ မွေးစားနို့၊ ငါးလုပ်ငန်း နှင့် အခြားပြင်ပ အဖွဲ့အစည်းများမှ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များအား တက္ကသိုလ်မှ ဆရာ/မများနှင့်ပူးတွဲ သင်ကြားစေခြင်း၊ နှုတ်ဖြေ (ဗိုက်ဗာ) ထိုင်ခြင်းဖြင့် မွေးမြူဆေးကုလောက တိုးတက်ရေး ရေလောင်းပေါင်းသင် သင့်ပါကြောင်း တင်ပြအပ်ပါသည်။

(ခ) ဝန်ထမ်းရေးရာ (ဆရာ/ဆရာမအပိုင်း)
တက္ကသိုလ်မှ ဆရာ/မ များသည် လူငယ်ကျောင်းသားများနှင့်အပြိုင် တက်ကြွလန်းဆမ်း၍ အမြှော်အမြင်ကြီးရန် လိုအပ်ပါသည်။ ထိုသို့ဖြစ်ပေါ်နိုင်စေရန် နိုင်ငံတကာ တက္ကသိုလ်များနည်းတူ သုတေသနများ၊ စာတမ်းများ ရေးသားပြုစုခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် မွေး/ဆေးတက္ကသိုလ်ဆရာ/မ များသည် ဓါးသွေးကျောက်ကဲ့သို့ ပါးသွားခြင်း၊ သုံးမရဖြစ်ခြင်း မရှိဘဲ ဆီမီးတိုင်များပွါးယူသကဲ့သို့ ကျောင်းသားများအား အလင်းပေးရန် ကိုယ်တိုင်ထွန်းညှိခြင်း၊ သူတပါးအားထွန်းညှိစေခြင်းဖြင့် အလင်းအား ကောင်းလာစေမည် ဖြစ်ပါသည်။
တက္ကသိုလ်မှ ဆရာ/မသည် ကျောင်းသား/သူများအား စာကိုသာသင်နေရုံဖြင့် မလုံလောက်ပဲ ပညာပါ သင်ကြားသင့်ပါသည်။ ဆရာမအများစုသည် စာအုပ်ထဲပါသမျှ ဖတ်ပြသင်ပြစစ်ဆေးနေခြင်းဖြင့် ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တတ်မြောက်နိုင်မည်မဟုတ်ဘဲ အတွေးအခေါ်ပါ သင်ပြစစ်ဆေးရန် လိုအပ်နေသေးကြောင်း သုံးသပ်မိပါသည်။
ဆရာ/မအချို့ တာဝန်ကျေ စာသာသင်၍ ပညာပါမလာခြင်းအကြောင်းရင်းများမှာ စေတနာမပါ၍ မဟုတ်ဘဲ သတိမထားမိခြင်း(ဝါသနာစရိုက်စွဲလာခြင်း)၊ နှင့် နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ဆရာ/မများအား အကဲဖြတ်မှတ်တမ်းထား ရာထူးတိုးခံစားခွင့်ပေးခြင်း၊ အလုပ်မှဖယ်ရှားခြင်းများ မရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထိုပြင် ဆရာ/မများအတွက် နိုင်ငံတော်မှ စားဝတ်နေရေး ဖူလုံ၍ လူတန်းစေ့ သုံးဆောင်ခံစားနိုင်ရန် ပံ့ပိုးကူညီရန် လိုအပ်မည် ဖြစ်ပါသည်။ သို့သော် ဌာနမှ လစ်လပ်နေရာများဟု အကြောင်းပြ၍ ပါမောက္ခ (၂) နေရာကို ဝန်ကြီးရုံးသို့ တပ်မတော်မှ ပြောင်းလာသူ (ဗိုလ်မှူး/ နှစ်သီးစား = တပ်မှ ပင်စင်အပါအဝင် ခံစားခွင့်နှင့် အရပ်ဘက်ဌာနများမှ အဆင့်မြင့်ရာထူးလစာ နှစ်မျိုးစလုံး စားသုံးခံစားသူ)များ အတွက် ဖန်တီးနေရာ ပေးမှုမျိုးသည် တက္ကသိုလ်မှ (၂) ယောက်ထက်ပိုသော ဆရာ/မများအတွက် အခွင့် အလမ်းအား အပိတ်ပင်အတားအဆီး တစ်ခုဖြစ်၍ စိတ်မချမ်းသာ မတက်ကြွနိုင်မှုကို သိရှိနားလည် သင့်ပါသည်။

အကြံပြုချက်-
(၁) တက္ကသိုလ်မှ ဆရာ/မများ၏ ရာထူးနေရာအား ဆရာ/မ သင်ကြားမှုစနစ်၊ သုတေသနပြုလုပ်မှု၊ စာတမ်း ပြုစု ကြီးကြပ်နိုင်မှု ၊ အခြားပညာရှင်များဖိတ်ခေါ် ဆွေးနွေးပညာဖြန့်ဖြူးပေးနိုင်မှု၊ တက္ကသိုလ် လှုပ်ရှားမှုများ တာဝန်ယူနိုင်မှု စသည့် နိုင်ငံတကာပညာရေး နည်းစနစ်များအတိုင်း ထိန်းကျောင်းခန့်ထားတိုးပေးသင့် သည်ဟု ယူဆမိပါသည်။
(၂) ကျောင်းသား/သူများမှ ဆရာ/မများ၏ သင်ယူမှုကို သုံးသပ်အမှတ်ပေးစနစ်များ ကျင့်သုံးသင့်ပါသည်။
(၃) ဆရာ/မများအတွက် လုံလောက်သောစားဝတ်နေရေးနှင့် ရာထူးအလိုက် အဆောင်အရောင် ခံစားခွင့် များ မျှော်လင့်လုပ်ကိုင်နိုင်ရန် ပံ့ပိုးပေး သင့်ပါသည်။

နိဂုံး
၎။       မွေးဆေးတက္ကသိုလ် တိုးတက်ရေးနှင့် မွေးမြူဆေးကုလောက တိုးတက်ရေးအတွက် ထင်မြင် ယူဆချက်များကို တင်ပြခြင်းဖြစ်ပြီး ဖြည့်စွတ်ထုတ်ပယ်သင့်သည်များကို အကြံပြုဆွေးနွေး၍ တာဝန်ရှိ၊ တာဝန်သိ ပုဂ္ဂိုလ်ကြီးများ၊ အရာရှိကြီးများမှ အရေးယူဆောင်ရွက်နိုင်ပါရန် ဆန္ဒပြုအပ်ပါသည်။

လေးစားစွာဖြင့်-

မင်းသီရိ
<minthiyi@cooltoad.com>
(၃၀-၆-၂၀၁၂)

အမိတက္ကသိုလ်အတွက် ကျေးဇူးဆပ်ချင်သူများသို့
  •  ဒုတိယသမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မွေးမြူဆေးကုလောက (သို့) တိရစ္ဆာန်ဆေးကုဆရာဝန် လောက ၏ ပြရုပ်ဖြစ်သော မွေး/ဆေး တက္ကသိုလ် (ယခင် တိမွေးကု)၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုးတက်ရေး ပြုပြင်ပြောင်းလဲသင့်သည့် ယူဆချက်များအား ဌာနအတွင်း ဝန်ထမ်းများနှင့် အကြံပြုတင်ပြနိုင်ပါရန် မိမိတို့၏ အမြင်သဘောထားများကို ဖော်ပြပါအီးမေးလ်လိပ်စာသို့ (ဇော်ဂျီ/မြန်မာ-၃ ဖောင့်ဖြင့် ပူးတွဲဖိုင်တွဲ) ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    
  •  ပေးပို့သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထုတ်ဖော်ပေးမည် မဟုတ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
  • သဘောထားများဆန္ဒပြု တင်ပြခြင်းသည် မိမိတို့၏ တာဝန်ဟုသာခံယူထားပြီး အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိသည် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်နှင့် ဆန္ဒအာသီသသာ ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

Thursday, June 21, 2012


အကြောင်းအရာ။       ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံမှ DAAD Scholarship for Veterinary 
                            Public Health သင်တန်းသား(၂) ဦးမွေး/ရေဝန်ကြီး ဌာန
                            (မွေး/ကုနှင့်မွေးဆေးတက္ကသိုလ်)မှ ခေါ်ယူမည်ဖြစ်။

မွေးကုဌာနမှ B.V.Sc တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ ရရှိပြီး
အသက် (၃၅) နှစ်အောက် (၃၁-၇-၁၉၇၆) ရက်နောက်ပိုင်း မွေးဖွားသူ၊
လုပ်သက် အနည်းဆုံး (၂) နှစ်အထက် ရှိရမည် ဖြစ်သည်။

စီစစ်ရေးစာမေးပွဲ ဖြေဆိုရန် = ( ရေဆင်း၊ နေပြည်တော်) မွေး/ဆေး တက္ကသိုလ် ၂၆-၆-၂၀၁၂ (အင်္ဂါနေ့)

အင်္ဂလိပ်စာ            - (၀၉း၀၀ မှ ၁၂း၀၀)
တိရစ္ဆာန်ဆေးပညာ  - (၁၄း၀၀ မှ ၁၇း၀၀)

ဖြေဆိုခွင်မရှိသူများ-
(က) ပြည်ပပညာသင်ရွေးချယ်အဆိုပြုထားသူ၊ တက်ရောက်နေသူများ
(ခ) M.V.Sc & Ph.D ဘွဲ့ရရှိပြီးသူများ
(ဂ) ပြည်ပသင်တန်းသွားရောက်ပြီး (၆) လ မပြည့်သေးသူများ

ဖြေဆိုလိုသူများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်မွေးကု ဦးစီးမှူးရုံးနှင့် ရုံးချုပ်သို့ (၂၅-၆-၂၀၁၂) ရက် နေ့ (၁၂း၀၀) အချိန် နောက်ဆုံးထား အကြောင်းကြား ဖြေဆိုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Sunday, June 17, 2012

မျောက်မျိုးစိတ်သစ် တစ်ခုဖြစ်တဲ့ sneezing monkey (Rhinopithecus strykeri )ကို အာရီဇိုနားပြည်နယ် တက္ကသိုလ်က မျိုးစိတ်လေ့လာရေးအဖွဲ့က ၂၀၁၁ ခုနှစ်မှာ တွေ့ရှိခဲ့ကြပါတယ်။ မိုးရွာတဲ့အချိန်မှာ နှာချေတတ်လို့sneezing monkey ဒီနာမည်လေးပေးခဲ့ကြတာပါ။ မြန်မာနိုင်ငံက မျိုးစိတ်သစ် တွေ့ရှိခဲ့တာပါ။

http://news.bbc.co.uk/local/cambridgeshire/hi/people_and_places/nature/newsid_9132000/9132410.stm