Wednesday, February 12, 2014


အလုံပိတ် အအေးပေး မွေးမြူရေး စနစ်

မြန်မာနိုင်ငံသည် အပူပိုင်းဒေသတွင် ပါဝင်သည်။ ထို့ကြောင့် မွေးမြူရေး စနစ် အဆင့်မြှင့်တင်သည့်အခါ အလုံပိတ် အအေးပေး စနစ်ဖြင့် မွေးမြူရေးခြံအတွင်းရှိ အပူချိန်ကို တည်ငြိမ်နေစေရန် ဆောင်ရွက်ခြင်းဖြင့် မွေးမြူထုတ်လုပ်မှု ပိုမိုတိုးတက်ရရှိစေနိုင်ပါသည်။

အလုံပိတ် အအေးပေး မွေးမြူရေးစနစ် ဆိုသည်မှုာ သဘာဝ ဖြစ်ပေါ်နေသော အပူချိန် အတက်အကျကို အံတု၍ လူတို့မှ စွမ်းအင်များကို သုံးစွဲပြီး ထုတ်လုပ်မှုအလိုက် လိုအပ်သော အပူချိန်ကို ချိန်ညှိခြင်း၊ ခြံအတွင်းရှိ မကောင်းသည့် လေထုကို ဖယ်ရှား၍ ကောင်းမွန်သော စနစ်များဖြင့် ထုတ်လုပ်မှု ပမာဏများစွာအား အဆင့်မြှင့်တင် အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားသည့် မွေးမြူရေး စနစ်ဖြစ်ပါသည်။

အလုံပိတ်အအေးပေးစနစ်အတွက် ပြင်ပအပူချိန်အတက်အကျ၊ အခန်းအပူချိန် တည်ငြိမ်စေခြင်းနှင့် လေကောင်းလေသန့် ရရှိစေရေးမှာ အဓိကဖြစ်သဖြင့် လေစုတ်ပန်ကာများနှင့် ရေငွေ့ပြန်အအေးပေးစနစ် ဖြစ်သည့် Cooling Pad တို့ သည် မြန်မာပြည်ရာသီဥတုအတွက် အရေးကြီးပစ္စည်းများ ဖြစ်သည်ဟု ဆိုရပေမည်။

ရှေးဦးစွာ အလုံပိတ် အအေးပေး စနစ်များအား အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါသည်

Poultry Ventilation illustration Figer

(၁) လေတိုက်နှုန်းအနည်းဆုံးဖြစ်သည့် Minimum Ventilation (Cross Ventilation & Cross Flow Ventilation) ကို လေတိုက်နှုန်းအနည်းငယ် (သို့) လေတိုက်နှုန်း မလိုအပ်သည့် ကြက်ငယ်မီးကိုင်ချိန်နှင့် လိုအပ်သည့် အပူချိန်အောက် ကျဆင်းနေသည့် ဆောင်းရာသီ (သို့) ညအချိန်များတွင်လည်းကောင်း၊ အေးလွန်းသည့် တောင်ပေါ်ဒေသများတွင် လည်းကောင်း လေ၀င်ထွက်ပေါက် Air Inlets နှင့် Attic Inlets များကိုသာ အသုံးပြု သုံးစွဲသည့် စနစ်ဖြစ်သည်။ Minimum Ventilation တွင် နှစ်ပိုင်းပါဝင်သည်။ Cross Ventilation သည် Air Inlets ကိုသာ အသုံးပြုထားပြီး အအေးပိုင်းဒေသ (သို့) အပူချိန် ရုတ်တရက် ကျဆင်းသည့် အချိန်မျိုးတွင် ဘေးဘက် Cross Fans ဖွင့်သုံးစွဲခြင်း ဖြစ်သည်။ အေးလွန်းသည့် အရပ်ဒေသများတွင်မူ ဘေးလေပေါက်မှ Air Inlets ဖွင့်ပြီး မျက်နှာချက် Ceiling မှ Attic Inlets ခေါ် လေထုတ်သည့် Fans အသုံးပြုလေ့ရှိသည်။ ထိုသို့ အသုံးပြုခြင်းဖြင့် အဆောက်အဦးအတွင်းရှိ မကောင်းသော အနံ့ အသက်နှင့် လေထုကို ဖယ်ရှားပေးပြီး အပူချိန်ကို ထိန်းထားပေးနိုင်သည်။ 
Cross Flow Ventilation တွင်မူ Cooling Pad မှ ရေမချဘဲ လိုက်ကာ Curtin ကို အနည်းငယ်သာ ဖွင့်၍ အနောက်ဘက်မှ ပန်ကာ ၁ လုံး (သို့) ၂ လုံးဖွင့်သုံးစွဲခြင်း ဖြစ်သည်။ ထိုသို့ သုံးစွဲရာ၌ လေထုဖိအား Static Pressure ကိုထည့်သွင်းစဉ်းစားအသုံးပြုခြင်းဖြင့် အဆောက်အဦး အတွင်းသို့ ပြိုကျပျက်စီးခြင်းကို ကာကွယ်သင့်ပါသည်။

(၂) လေတိုက်နှုန်း အသင့်သင့်ဖြစ်သည့် Transitional Ventilation ကို ပြင်ပအပူချိန်နှင့် လိုအပ်အပူချိန် ကိုက်ညီနေသည့်အခါ လေထုနှင့် အခန်းတွင်းအပူချိန်ကို ဖယ်ရှားသန့်စင်နိုင်ရန် အသုံးပြုသည့်စနစ် ဖြစ်သည်။ အနောက်ဘက် ပန်းကာ ၂ လုံး နှင့်အထက် သုံးစွဲလေ့ရှိပြီး Cooling Pad မှ ရေမချဘဲ လိုက်ကာ Curtin ကို ချိန်ညှိသုံးစွဲလေ့ရှိသည်။ 

(၃) လေတိုက်နှုန်းမြှင့် အပူချိန် လျော့ကျစေသည့် Tunnel Ventilation ကို လိုအပ်သည့်အပူချိန်ထက် ပိုမိုနေသည့် ပြင်ပအပူချိန် မြင့်တက်နေချိန်တွင် လည်းကောင်း၊ ကြက် အသက်ကြီးပိုင်း ကာလများတွင်လည်းကောင်း သုံးစွဲနိုင်သည်။ အဆောက်အဦးရှိ ကြက်နှင့် အခန်းအပူချိန် မြင့်မားမှုပေါ်မူတည်၍ ပန်ကာအလုံးအရေအတွက် တွက်ချက်သုံးစွဲလေ့ရှိပြီး Cooling Pad မှ ရေချသုံးစွဲလေ့ ရှိသည်။ မြန်မာပြည်၏ အပူပိုင်းဒေသနှင့် နွေရာ သီကာလများတွင် အသုံးပြုအများဆုံး စနစ်တစ်ခု ဖြစ်ပါသည်။

အထက်ပါ Ventilation စနစ်များကို ပြင်ပအပူချိန်အတက်အကျ၊ လိုအပ်အခန်းအပူချိန် နှင့် ကြက်ငယ်အသက် ကြီးထွားမှုပေါ်မူတည်၍ တစ်ဆင့်ခြင်း ပြုပြင်ပြောင်းလဲ သုံးစွဲရပါသည်။        (မင်းသီရိ-၁၀/၂/၂၀၁၄) 


No comments:

Post a Comment