Wednesday, June 13, 2012


အိမ်မွေးတိရစ္ဆာန်သုံးထုံဆေးပညာ (Local Analgesia technique in small animal)
Opioid and NSAIDs (Non-steroid anti- inflammatory drugs) ဆေးများကို ခွဲစိတ်ကုသပြီး နာကျင်ကိုက်ခဲမှုများကို အဓိကကုသသည့်ဆေးဝါးအဖြစ် ရေရှည်သုံးစွဲပါက မလိုလားအပ်သော ဆိုးကျိုး များ ဖြစ်ပေါ်စေပါသည်။ ဤဆောင်းပါးသည် ခွေးကြောင်များကို နာကျင်ကိုက်ခဲမှုကုသရာတွင် အကိုက် အ ခဲပျောက်ဆေးများသုံးစွဲမှုကို ဟန့်တားကန့်ကွက်ခြင်း မဟုတ်ဘဲ ထုံဆေးများကို နာကျင်မှု သက်သာစေရန် ပူးတွဲသုံးစွဲကုသခြင်းဖြင့် ဆိုးကျိုးများကို လျော့နည်းစေမည် ဖြစ်ပါသည်။

အထွေထွေသုံးစွဲမှု
        ထုံဆေးကို မေ့ဆေးနှင့်တွဲ၍ ခွဲစိတ်ကုသမှုတွင် အများဆုံးသုံးလေ့ရှိပါသည်။ ထုံးဆေးသည် နေရာလိုက်ကွက်၍ နာဗ်ကြောများကို ပိတ်ဆို့ပြီး နာကျင်ခံစားရမှုကို တားဆီးပေးပါသည်။ အငွေ့ပျံ volatile agent မေ့ဆေးများသည် ခွဲစိတ်ကုသစဉ် ထုံဆေးများနှင့်တွဲ၍ သုံးစွဲမှသာ လူနာတစ်ဦးချင်း အတွက် သင့်လျှော်ကောင်းမွန်ပေမည်။ volatile agent ၏ ဆိုးကျိုးမှာ သွေးပေါင်ထိုးကျ တတ်ခြင်း နှင့် အသက်ရူစနစ် ကို နှောက်ယှက်တတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။
          ယခုနည်းပညာများသည် ထုံဆေးကို နေရာလိုက်ကွက်သုံးစွဲမည့် အကိုက်အခဲပျောက်ဆေး အဖြစ် ခွေးကြောင်ကုသမှုတွင် အသုံးဝင်မည်ဖြစ်သည်။ သို့သော် ဆေးပမာဏကိုသတိထားသုံးစွဲမှ သာဘေးထွက်ဆိုးကျိုးနည်းမည်ဖြစ်၍လိုအပ်သည့်ဆေးပမာဏအတိုင်းအဆကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ brachial plexus blocks, intercostal and interpleural analgesia on cats ကြောင်များတွင် ဖော်ပြပါ နာဗ်ကြောများကို ဆေးအချိန်အဆ သတိထား သုံးစွဲရန် လိုအပ်ပါသည်။
           ထုံဆေး နှင့် အကိုက်အခဲပျောက်ဆေး အသုံးအနှုန်းကွဲလွဲရန်လိုပါမည်။ ထုံဆေးကို အကိုက်အခဲပျောက်ဆေးအဖြစ်သုံးစွဲသည့် အခါ အာရုံခံစားမှုသည် သိသာစွာ ပျောက်သွားမည် မဟုတ်သည့်အတွက် နာကျင်မှုကို opioid ပါဆေးဖြင့် ပူးတွဲသုံးစွဲကုသသင့်ပါသည်။
          ခွေးတွင် အာရုံကြောမ၊ ကျောရိုးနာဗ်ထုံဆေးပေးပညာကို Company (2004) မှဖော်ပြပြီး ဖြစ်ပါသည်။ ထိုသို့ပင် နည်းလမ်းများစွာဖြင့် မေ့ဆေးထုံဆေးပညာများသည် အိမ်မွေးခွေးကြောင် ဆေးကုသမှု ပညာရပ်တွင် များစွာရှိနေပါသဖြင့် ဤဆောင်းပါးတွင် ဆက်လက်ဆွေးနွေးဖော်ပြတော့ မည်မဟုတ်ပါ။

ရရှိနိုင်သောဆေးများ
          Local Anesthesia ထုံဆေး and Opioid ဆေးများကို ပူတွဲသုံးစွဲ၍ နေရာလိုက် အကိုက်အခဲ ပျောက်ဆေးအဖြစ် သုံးစွဲနိုင်ပါသည်။ Preservative-free ထုံဆေးများကို အဆစ်အမြစ် အကိုက်အခဲပျောက်ဆေးအဖြစ် Opioid ဆေးများနှင့်သုံးစွဲပါသည်။ (သန့်စင်သည့် Preservative-free ထုံဆေးဖြစ်ရန် လိုအပ်သည်မှာ အဆစ်ရှိ အရိုးများအပေါ် ၏ သက်ရောက်မှုကို အတိအကျ မသိခြင်းကြောင့် ဖြစ်ပါသည်။) ဆေးဝါးသုံးစွဲရန် အညွှန်းကို ဇယား(၂) တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment